Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

ဒီဇင်ဘာ ၄ (ပဲခူး)
====================

ပဲခူးမြို့၊ (၁၀)မိုင်ကုန်း၊ Shwe Pyi Resort ၌ ဒီဇင်ဘာလ (၄)ရက်နေ့၊ ညနေ(၆:၃၀)အချိန်က ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအား အဋ္ဌမအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲတွင် ၂၀၀၈ ခုနှစ်၊ သြဂုတ်လအတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ပြိုလဲ၊ ပျက်စီးခဲ့သည့် သစ်ပင်ကြီးများအား အဖိုးတန်ပန်းပုရုပ်တုအဖြစ် ထုလုပ်ပြီး ကမ္ဘာ့အကြီးဆုံးနှင့် အများဆုံး ပန်းပုရုပ်ထုများ တစ်နေရာတည်း စုစည်းထားရှိမှုကို သိရှိစေရန် ၊ မြန်မာ့ပန်းပုပညာရပ်နှင့် ပန်းပုပညာရှင်များဖော်ထုတ်ရန်နှင့် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။