Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကမ္ဘောဇဘဏ်မိသားစုမှ ပဲခူးမြို့ရှိ ပြည်သူများအတွက် COVID-19ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် ပဲခူးဆေးရုံအတွက် အလှူငွေကျပ်သိန်း(၁၀၀)လှူဒါန်း

ကမ္ဘောဇဘဏ်မိသားစုမှ ပဲခူးမြို့ရှိ ပြည်သူများအတွက် COVID-19ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် ပဲခူးဆေးရုံအတွက် အလှူငွေကျပ်သိန်း(၁၀၀)လှူဒါန်း

စက်တင်ဘာ ၁၄ (ပဲခူး)
—————————

ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ဖွင့်လှစ်ထားရှိသည့် ပဲခူးတိုင်းဒေသကြီး COVID-19ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ရုံးသို့ စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ကမ္ဘောဇဘဏ်မိသားစုမှ ပဲခူးမြို့ရှိ ပြည်သူများအတွက် COVID-19ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် ပဲခူးဆေးရုံအတွက် အလှူငွေကျပ်သိန်း(၁၀၀)တို့အား လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်၊ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့် ကမ္ဘောဇဘဏ် ပဲခူးဘဏ်ခွဲ(၁)မှ မန်နေဂျာ ဒေါ်သွယ့်သွယ့်အေးနှင့် ဝန်ထမ်းများ၊ COVID-19ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ကမ္ဘောဇဘဏ် ပဲခူးဘဏ်ခွဲ(၁)မှ မန်နေဂျာဒေါ်သွယ့်သွယ့်အေးနှင့် ဝန်ထမ်းများက ပဲခူးမြို့ရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်း (၈)မျိုးဖြစ်သည့် ဆေးရုံသုံးMask (၁၀၀၀၀၀)ခု၊ ခေါင်းစွပ်(၂၀၀၀)ခု၊ မျက်နှာအကာ Face Shield (၅၀၀)ခု၊ လက်အိတ်(၅၀၀၀)ခု၊ Hand Gel ဘူးကြီး(၅၀၀)ဘူး၊ မျက်မှန်(၁၀၀) နှင့် PPEဝတ်စုံ(၂၀၀)စုံနှင့် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အထွေထွေအသုံးပြုရန်အတွက် ငွေကျပ်(၁၀၀)သိန်းတို့ကို ပေးအပ်လှူဒါန်းကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်နှင့် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များက လက်ခံရယူကြပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးတို့က ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။