Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကမ္ဘောဇသာဒီနန်းတော် (Historical Park) အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုနှင့် ပဲခူးယဉ်ကျေးမှုဇုန်ဝင်ကြေးငွေ သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ကမ္ဘောဇသာဒီနန်းတော် (Historical Park) အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုနှင့် ပဲခူးယဉ်ကျေးမှုဇုန်ဝင်ကြေးငွေ သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဇူလိုင် ၇ (ပဲခူး)
=====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇူလိုင်လ(၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ကမ္ဘောဇသာဒီနန်းတော် (Historical Park) အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုနှင့် ပဲခူးယဉ်ကျေးမှုဇုန်ဝင်ကြေးငွေ သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ဆောင်ရွက်နေသလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားကာ နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် Covid-19 ကာလအလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်ကုစားနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်း ယဉ်ကျေးမှုဇုန်အလိုက် ဝင်ကြေးကောက်ခံခြင်း၊ နေရာခွဲဝေမှု၊ တန်ဖိုးသတ်မှတ်ချက်များကို တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ပညာရှင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်းနှင့် ကမ္ဘောဇသာဒီနန်းတော်အား Historical Park အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား ဆက်လက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက  Covid-19 ခရီးသွားလုပ်ငန်းများ ဝင်ငွေရပ်ဆိုင်းခဲ့ရမှုအပေါ် အစိုးရအဖွဲ့အနေဖြင့် ဖြေလျော့ပေးရနိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက တင်ဒါစည်းကမ်းချက်များအရ ယဉ်ကျေးမှုဇုန်အလိုက် ရရှိလာမည့် ဘဏ္ဍာငွေများအား စနစ်တကျ ပြန်လည်သုံးစွဲသွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနယ်မြေအလိုက် ဇုန်ဝင်ကြေး ကောက်ခံနေမှုအပေါ် Covid-19 အတွင်း နစ်နာမှုမရှိစေရး စီမံဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့်စပ်လျဉ်း၍လည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပဲခူးဌာနခွဲ)တာဝန်ခံ၊ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ကမ္ဘောဇသာဒီနန်းတော် (Historical Park) အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုနှင့် ပဲခူးယဉ်ကျေးမှုဇုန်ဝင်ကြေးငွေ သတ်မှတ်ရေး Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ပညာရှင်များမှ Covid-19 ကာလအလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်ကုစားနိုင်ရေးအတွက် အသီးသီး အကြံပြုဆွေးနွေးခဲ့ကြသည်။
အခမ်းနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေနှင့် သီးခြားဖိတ်ကြားထာသည့် ရှေးဟောင်းယဉ်ကျေးမှု ပညာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။