Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကြို့ပင်ကောက်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မီးလောင်မှုဖြစ်ပွားရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်ကြည့်ရှု

ကြို့ပင်ကောက်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မီးလောင်မှုဖြစ်ပွားရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်ကြည့်ရှု

ဇန်နဝါရီ ၁၀ (ကြို့ပင်ကောက်)
——————————–

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်(၈)နာရီအချိန်က အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးသိန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြို့ပင်ကောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း မီးလောင်သွားမှု အခြေအနေအား သွားရောက်ကြည့်ရှုကြသည်။
ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်(၅.၀၅)မိနစ်အချိန်ခန့်တွင် ကြို့ပင်ကောက်မြို့ အခြေပညာအထက်တန်းကျောင်း ပင်မဆောင် ရွှေညီလာခန်းမအား Quarantine ဝင်နေသည့် သံဃာတစ်ပါးမှ မီးရှို့မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကြို့ပင်ကောက်မီးသတ်ဦးစီးဌာနမှ
မီးသတ်ယာဉ်များ၊ ဇီးကုန်းမြို့နှင့် အုတ်ဖိုမြို့တို့မှ မီးသတ်တပ်ဖွဲ့များ၏ မီးသတ်ယာဉ်များ ဝိုင်းဝန်ငြိမ်းသတ်မှုကြောင့် နံနက် (၅)နာရီ(၃၀)နာရီခန့်တွင် မီးညွှန့်စတင် ထိန်းနိုင်ခဲ့ကြောင်း (၅)နာရီ(၃၈)မိနစ်တွင် မီးငြိမ်းသွားကြောင်း အဆိုပါကျောင်းတွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Quarantine နေထိုင်သူများအရေအတွက် ၅၇ ဦးရှိကြောင်း ယခုစတင်မီးလောင်သည့် ရွှေညီလာခန်းမတွင် သံဃာတော်တစ်ပါး Quarantine ထားရှိကြောင်း သိရသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကြို့ပင်ကောက်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက မီးလောင်မှုဖြစ်စဉ်နှင့် အရေးယူဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။