Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စက်တင်ဘာလ(၁၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

စက်တင်ဘာလ(၁၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

စက်တင်ဘာ ၁၈ (ပဲခူး)
===========
18-9
ပဲခူးတိုင်းဒေသကြီးအတွင်းသို့  ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၈-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၅၀)ခု၌ နိုင်ငံသား(၁၈၄၀)ဦးနှင့် သံသယလူနာ(၇၄)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၄၄)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၉၄)ခု၌ နိုင်ငံသား(၇၄၀)ဦး၊ သံသယလူနာ(၃)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၁)ဦးအား တောင်ငူမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊    ပြည်ခရိုင်အတွင်း Facility Quarantine (၆၈)ခု၌ နိုင်ငံသား(၅၄၇)ဦး၊ သံသယလူနာ(၃)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၃)ဦးအား ပြည်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊   သာယာဝတီခရိုင်အတွင်း Facility Quarantine (၉၂)ခု၌ နိုင်ငံသား(၁၇၉၈)ဦးရှိပြီး သံသယလူနာ(၈)ဦးနှင့်  ရောဂါပိုးတွေ့ရှိသူ(၉)ဦးအား သာယာဝတီမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊   တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၄၀၄)ခု၌ နိုင်ငံသား(၄၉၂၅)ဦးရှိပြီး  သံသယလူနာ(၈၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၅၇)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။