Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဆရာတော်ကြီးများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ ဝန်ကြီးများ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ဆရာတော်ကြီးများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ ဝန်ကြီးများ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ဒီဇင်ဘာ ၂၈ (လက်ပံတန်း)
————————————

ဘဝနတ်ထံပျံလွန်တော်မူသွားသည့် နိုင်ငံတော်သြဝါဒစရိယ၊ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းရွာမကျေးရွာ မဇ္ဇိုမရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဗုဒ္ဓင်္ကုရ(မူလဒွာရဂိုဏ်း)၏ အန္တိမအဂ္ဂိသာဓုကီဠန အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်အရှင်မြတ်များအား ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က လက်ပံတန်းမြို့ ရန်ကုန်- ပြည်ကားလမ်းဘေးရှိ Royal pilehill hotel တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းအမှူးပြုသော အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဥပဒေချုပ် ဦးအုန်းမြင့်တို့က နေ့ဆွမ်းဆက်ကပ် လှူ ဒါန်းခဲ့ကြကြောင်းသိရသည်။
နေ့ဆွမ်းဆက်ကပ်ရာတွင် တိုင်းသံဃာနာယကအဖွဲ့ မူလဒွါရဂိုဏ်းဥက္ကဌ ဆရာတော်ဘဒ္ဒန္တသုဇာတနန္ဒနှင့် ဆရာတော်(၂၃)ပါးတို့ ကြွရောက်တော်မူကြသည်။
ဘဝနတ်ထံပျံလွန်တော်မူသွားသော ဇီးဖြူကုန်းရွာမကျေးရွာ မဇ္ဇိုမရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဗုဒ္ဓင်္ကုရ သက်တော်(၁၀၁)နှစ်၊ ဝါတော်(၇၅)ဝါရှိပြီး ရုပ်ကလပ်တော်အား ဒီဇင်ဘာ ၂၉ ရက် နေ့လည် ၁ နာရီခွဲချိန်တွင် အန္တိမအဂ္ဂိသာဓုကီဠနဖြင့် ပူဇော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။