Home / ပဲခူးမြို့နယ် / ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် တောင်ငူခရိုင်အတွင်း ထိခိုက်ပျက်စီးမှုနှင့် ထောက်ပံ့ပေးနိုင်ခဲ့မှု အခြေအနေ

ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် တောင်ငူခရိုင်အတွင်း ထိခိုက်ပျက်စီးမှုနှင့် ထောက်ပံ့ပေးနိုင်ခဲ့မှု အခြေအနေ

စက်တင်ဘာ ၆ (ပဲခူး)
=========================

သြဂုတ်လ (၂၉)ရက်နေ့၊ နံနက် (၆)နာရီအချိန်ခန့်က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ(ယာဘက်ခြမ်း) ကျိုးပေါက်မှုဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် (၅-၉-၂၀၁၈)ရက်နေ့၊ ညနေ(၆)နာရီအထိ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကျေးရွာအုပ်စု(၁၂)အုပ်စုရှိ နေအိမ်(၁၈၅)လုံး ရေစီးအတွင်း မျောပါ/ ပြိုလဲခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် (၃၀၃၆၀၀၀ဝိ/-)၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေ ကျပ် (၅၃၁၀၀၀၀ဝိ/-)၊ စုစုပေါင်း (၈၂၂၆၀၀၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁၈၅)ပုံး၊ သွပ်(၄၆၂၅)ချပ်၊ ထန်းတပင်မြို့နယ်တွင် ချောင်းဝကျေးရွာအုပ်စုတွင် ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့နေအိမ်(၇)လုံးအတွက် (၇)သိန်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးပါ (၇)ပုံး၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၅၄၆၀ဝိ/-)ကျပ်၊ အောင်ချမ်းသာရပ်ကွက်နှင့် ဆိတ်ကြီးရပ်ကွက်တို့ တွင် ရေဝင်ရောက်ခဲ့သည့် အိမ်ထောင်စု(၂၇)စုအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၀၇၉၀ဝိ/-)၊ တို့ ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။
ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ(ယာဘက်ခြမ်း)ပဲ့ကျမှုကြောင့် ရေတာရှည်မြို့နယ်၊ တောင်ငူမြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း (၁၁၅)ခု ဖွင့်လှစ်ကာ အိမ်ထောင်စု (၁၈၇၆၆)စု၊ လူဦးရေ (၈၁၅၉၀)ရှိပြီး (၅-၉-၂၀၁၈)ရက်နေ့အထိ (၂၄)ပြည်ပါဆန်အိတ် (၂၇၈၂)အိတ်၊ (၁၆)ပြည်ပါ ဆန်အိတ်(၃၂၇)အိတ်၊ (၁၂)ပြည်ပါဆန်အိတ်(၁)အိတ်၊ ဆီ(၁၅၉၅)ဖာ၊ ငါးသေတ္တာ(၃၅၇၆)ဖာ၊ ရေသန့်(၅၁၅)ကဒ်၊ အချိုရည်(၁၉၈)ကဒ်၊ ခေါက်ဆွဲခြောက် (၇၂၃)ဖာ၊ အိမ်သာခွက်(၁၃၄)ခု၊ Good Choice(မီးဖိုချောင်သုံးပစ္စည်း)(၇၀၀)ဖာတို့အား ထောက်ပံ့ပေးနိုင်ခဲ့သည့်အပြင် ပြင်ပ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှလည်း ကျေးရွာများသို့ သွားရောက်ပြီး ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါရေဘေးကြောင့် ရေတာရှည်၊ ထန်းတပင်၊ တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ကျောက်ကြီးမြို့နယ်များရှိ လယ်ယာမြေစုစုပေါင်း(၁၄၉၂၂၁)ဧက ရေလွှမ်းခဲ့ပြီး၊ (၁၀၀၇၁၃)ဧက ရေပြန်ပေါ်လာကာ၊ (၄၈၅၀၈)ဧကမှာ ရေလွှမ်းဆဲဖြစ်ပြီး၊ ထိခိုက်ဧက(၆၀၈၈၁)ဧက၊ ပျက်စီး ဧက(၄၁၆၁၄)ဧကဖြစ်၍ အထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း(၇)ကျောင်း၊ မူလတန်းကျောင်း(၅၇)ကျောင်း ယာယီကျောင်းပိတ်ထားရကြောင်းနှင့် တောင်ငူခရိုင်အတွင်း ထိခိုက်ပျက်စီးမှုအနေဖြင့် နေအိမ်(၅၂၉)လုံး၊ စာသင်ကျောင်း(၄)ကျောင်း၊ ဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်း၊ အခြားအဆောက်အဦ(၆)လုံး၊ တံတား(၂၂)စင်း၊ လမ်း (၃၉)လမ်းတို့ ထိခိုက်ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဘိုးစုစုပေါင်း (၄၅၉၄၇၀၀၀ဝိ/-) ရှိကြောင်း သတင်းရရှိသည်။