Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဇန်နဝါရီလ(၁၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီလ(၁၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၁၀ (ပဲခူး)
=================


ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၀-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၇၆)ခု၌ နိုင်ငံသား(၁၅၄၄)ဦး၊ သံသယလူနာ(၈၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၀၅၁)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၂)ခု၌ နိုင်ငံသား(၇၅၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၃)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၅)ခု၌ နိုင်ငံသား(၇၆၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၇၁)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၇၅)ခု၌ နိုင်ငံသား(၁၄၇၈)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၆၆)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၂၈)ခု၌ နိုင်ငံသား(၄၅၅၀)ဦးရှိပြီး သံသယလူနာ(၈၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၅၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။