Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဇန်နဝါရီလ(၁၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီလ(၁၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၁၁ (ပဲခူး)
=================


ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၁-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၇၀)ခု၌ နိုင်ငံသား(၁၅၂၆)ဦး၊ သံသယလူနာ(၈၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၀၀၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၀)ခု၌ နိုင်ငံသား(၇၄၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၁)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၁၇)ခု၌ နိုင်ငံသား(၇၆၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၇၀)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၇၅)ခု၌ နိုင်ငံသား(၁၄၇၁)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၆၂)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၁၂)ခု၌ နိုင်ငံသား(၄၅၀၃)ဦးရှိပြီး သံသယလူနာ(၈၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၀၇)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။