Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဇန်နဝါရီလ(၂၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီလ(၂၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၂၉ (ပဲခူး)
=================


ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၉-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၅၈)ခု၌ နိုင်ငံသား(၁၀၉၃)ဦး၊ သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၅၈၅)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၃)ခု၌ နိုင်ငံသား(၆၂၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၄၄)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၁)ခု၌ နိုင်ငံသား(၈၂၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၆၁)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၆၃)ခု၌ နိုင်ငံသား(၁၃၅၈)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၃၆)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၈၅)ခု၌ နိုင်ငံသား(၃၈၉၉)ဦးရှိပြီး သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၂၆)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။