Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဇန်နဝါရီလ(၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီလ(၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၉ (ပဲခူး)
=================


ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၉-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၉)ခု၌ နိုင်ငံသား(၁၅၆၀)ဦး၊ သံသယလူနာ(၈၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၀၂၆)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၅)ခု၌ နိုင်ငံသား(၇၉၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၆)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၉)ခု၌ နိုင်ငံသား(၇၆၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၆၅)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၇၃)ခု၌ နိုင်ငံသား(၁၄၂၇)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၇၄)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၂၆)ခု၌ နိုင်ငံသား(၄၅၄၉)ဦးရှိပြီး သံသယလူနာ(၈၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၃၁)ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်းရရှိသည်။