ဇူလိုင် ၃၀ (ပဲခူး)
===================
ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၃၀-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၈၄)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၂၈၃)ဦးပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ (၂)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၈၃၆)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၂၅)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၀၃)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၈)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၉၂)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၂၅၂)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၇၁၄)ဦးပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ(၂)ဦးရှိကြောင်း သတင်းရရှိသည်။