Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်ကြားစာကိစ္စများနှင့်ပတ်သက်၍ ရွှေတောင်မြို့နယ်အတွင်း ဝန်ကြီးချုပ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး

တိုင်ကြားစာကိစ္စများနှင့်ပတ်သက်၍ ရွှေတောင်မြို့နယ်အတွင်း ဝန်ကြီးချုပ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး

 ဒီဇင်ဘာ ၂၈ (ရွှေတောင်)
———————————

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၂၈)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရွှေနတ်တောင်ဘုရားရင်ပြင်တော်ရှိ ဓမ္မာရံတွင် ကံသုံးဆင့်ကျေးရွာ ဦးမောင်မောင်သိန်းပါ(၅)၏ တိုင်ကြားစာနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး ညှိနှိုင်းဆောင်ရွက်ခြင်း ပြုလုပ်ခဲ့သည့်အပြင် သဲကုန်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ်တို့၏ ရွေးကောက်ပွဲကော်မရှင်ရုံး မြေနေရာကိစ္စကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။