Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန / တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ်

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ်

စက်တင်ဘာ ၂၀ (ပဲခူး)
===================================

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကယား၊ မွန်၊ ရှမ်း၊ ပအိုဝ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၏ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ(၂၀)ရက်၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး နော်ပွယ်စေးမှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တိုင်းရင်းသား စာပေ နွေရာသီမွမ်းမံသင်တန်းများ ဖွင့်လှစ်လုပ်ဆောင်နိုင်ရန်၊ တိုင်းရင်းသား ဒေသများတွင် အခက်အခဲများများနှင့် လိုအပ်ချက်များကို သိရှိနိုင်စေရန်နှင့် ပဲခူးတိုင်းဒေသကြီးတွင် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ ပအိုဝ်း တိုင်းရင်းသားများနေထိုင်ကြပြီး တိုင်းရင်းသားများ နှီးနှောဖလှယ်ပွဲအစီအစဉ်ကို ကျင်းပနိုင်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခြင်း ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော ကယား၊ မွန်၊ ရှမ်း၊ ပအိုဝ်း စာပေနှင့်ယဉ်ကျေးမှုကော်မတီ ကိုယ်စားလှယ်များကမိမိတို့၏ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းဆောင်တာများ၊ တိုင်းရင်းသားစာပေ သင်ကြားခြင်း၌ ကြုံတွေ့နေရသည့် အခြေအနေများနှင့် ရှေ့ဆက်လုပ်ငန်းဆောင်တာများအတွက်  ဆွေးနွေးပြောကြားသည့်အပြင် မိမိတို့တိုင်းရင်းသားဒေသများတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများ၊ ရပ်ရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်သည့် အထွေထွေဆွေးနွေး ချက်များကိုလည်းတင်ပြကြသည်။
ယင်းနောက် တင်ပြဆွေးနွေးတင်ပြချက်များအပေါ် ၀န်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးချစ်ဇော်လင်း၊ ထန်းတပင်မြို့နယ် လွတ်တော် ကိုယ်စားလှယ် ဦးဌေးလွင်တို့မှ ပြန်လည် ရှင်းလင်းဆွေးနွေးပြောကြားကာဝန်ကြီးက၂၀၁၇-၂၀၁၈ ဘတ်ဂျက်တွင် တိုင်းရင်းသားဒေသများအတွက် လမ်း၊ တံတား ပြင်ဆင်စရိတ်ချပေးနိုင်သော ဒေသများအား ပြောကြားပြီး တိုင်းရင်းသားဒေသများ၏ လိုအပ်ချက်များအတွက် ပြည့်စုံမှုမရှိပေမယ့် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်နှင့် ယခုတိုင်းရင်းသားဦးစီးဌာန ရှိပြီဖြစ်သည့်အတွက် တိုင်းရင်းသားအရေးများကို ပိုမိုလုပ်ဆောင်နိုင်မည့်အကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။