Home / တောင်ငူမြို့နယ် / တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ လာရောက်လှူဒါန်း

တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ လာရောက်လှူဒါန်း

စက်တင်ဘာ ၂ (တောင်ငူ)
=====================

စက်တင်ဘာလ(၂)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က တောင်ငူမြို့၊ ခပေါင်းခန်းမတွင်ဖွင့်လှစ်ထားသော တောင်ငူခရိုင်ကယ်ဆယ်ရေးကွပ်ကဲမှုရုံးတွင် တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထူးလင်းကုမ္ပဏီမှ မန်နေးဂျင်ဒါရိုက်တာဦးထူးအောင်က အလှူ ငွေကျပ်သိန်း(၅၀)အား ပေးအပ်လှူဒါန်းရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။