Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒိုက်ဉီးမြို့နယ်၊ ဒိုက်ဉီးမြို့မဈေးအတွင်း (MobileLabVan)ဖြင့် ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးခြင်း

ဒိုက်ဉီးမြို့နယ်၊ ဒိုက်ဉီးမြို့မဈေးအတွင်း (MobileLabVan)ဖြင့် ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးခြင်း

ဇန်နဝါရီ ၂၄ (ဒိုက်ဦး)

 ==================

ဇန်နဝါရီလ (၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဒိုက်ဉီးမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များနှင့် ပူးပေါင်း၍ ဒိုက်ဉီးမြို့နယ် ၊ ဒိုက်ဉီးမြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် စားသုံးရန်မသင့် ကြေညာထားသော အစားအသောက်များ ရောင်းချနေခြင်းရှိ/ မရှိ၊ သက်တမ်းလွန် အစားအသောက်များ ရောင်းချနေခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ကြပြီး ခွင့်မပြုဓါတု ဆိုးဆေး၊ တာရှည်ခံဆေးများပါဝင်သည် ဟုသံသယရှိသော အစားအသောက် နမူနာ(၂၅) မျိုးအား ကျပမ်းဈေးကွက်နမူနာ ကောက်ယူ၍ နမူနာ(၁၆) မျိုးအား ရွေ့လျားဓါတ်ခွဲယာဉ် (Mobile Lab Van) ဖြင့် ချက်ချင်းစစ်ဆေး အဖြေထုတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ကျန်အစားအသောက်နမူနာ (၉) မျိုးအား ခွင့်မပြုဓါတုဆိုးဆေးများ ပါဝင်မှု ရှိ/ မရှိ သိရှိနိုင်ရန် ပဲခူးတိုင်းဒေသကြီးအစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဓါတ်ခွဲခန်းတွင် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။