Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲအသစ် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲအသစ် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အောက်တိုဘာ ၃၁ (ရေတာရှည်)
===================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စု/တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များသည် အောက်တိုဘာလ (၃၁)ရက်နေ့၊ နံနက်ပိုင်းက ရေတာရှည်မြိုနယ်၊ ဆွာချောင်းရေလှောင်တမံနှင့် ရေပိုလွှဲအသစ် တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် မှ ရှင်းလင်းတင်ပြပြီး ဒုတိယသမ္မတမှ လိုအပ်သည်များ လမ်းညွှန်ခဲ့ကြောင်း သတင်းရရှိသည်။