Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)(၇)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်ပူဇော်

ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)(၇)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်ပူဇော်

ဒီဇင်ဘာ ၂၈ (ပဲခူး)
——————————-

ပဲခူးမြို့ ဆယ်မိုင်ကုန်းဓမ္မဒူတတောရ သာသနာ့ရိပ်၊ ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်ရွှေရတုဗိမာန်တော်ကြီးရှေ့တွင် ဒီဇင်ဘာလ(၂၈)ရက်နေ့ နံနက်(၈)နာရီအချိန်က ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)(၇)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဓမ္မစကူးလ်ဗဟိုနှင့် တိုင်း၊ ပြည်နယ်၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီများ တွေ့ဆုံပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ပူဇော်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)(၇)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဓမ္မစကူးလ်ဗဟိုနှင့် တိုင်း၊ ပြည်နယ်၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီများ တွေ့ဆုံပွဲအခမ်းအနားအား ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)ဥက္ကဌဆရာတော် ဒွိပိဋကဓရ ဘဒ္ဒန္တသိရီကဉ္စနာဘိဝံသ၊ ဗဟိုနာယကဆရာတော် ဓမ္မဒူတတောရသာသနာ့ရိပ်သာ ပဓာနနာယက၊ ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညိဿ ရာဘိဝံသ၊ ဗဟိုနာယက တိပိဋကဓရ တိပိဋကကော်ဝိဒ၊ ဒွါဒသအတိပိဋကဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသ၊ စစ်ကိုင်းတိုင်းဒေသကြီးဓမ္မစကူးလ်ကော်မတီဥက္ကဌဆရာတော် ဘဒ္ဒန္တပညာဝံသနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နမောတဿ မဟာနမက္ကာရ ဘုရားရှိခိုးသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဉောယျဓမ္မာဘိဝံသနှင့် ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)နာယက၊ ဓမ္မဒူတတောရသာသနာ့ရိပ်သာ ပဓာနနာယက၊ ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညိဿ ရာဘိဝံသတို့ထံမှ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက သြဝါဒကထာနာယူမှတ်သားပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက သာသနာရေးဆိုင်ရာများလျှောက်ထားကာ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူ ငွေကျပ်ငါးသိန်းပေးအပ်လှူ ဒါန်းခဲ့သည်။
အဆိုပါအခမ်းအနားအား ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)၏ မူဝါဒနှင့်လုပ်ငန်းစဉ်များကို ပိုမိုသိမြင်နားလည်သဘောပေါက်စေရန်၊ တိုင်း၊ ပြည်နယ်၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီများ၏ စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဆိုင်ရာအခက်အခဲများကို ဖြေရှင်းနိုင်ခဲ့သည့်အောင်မြင်မှု အတွေ့အကြုံများကိုမျှဝေရန်၊ သက်ဆိုင်ရာဒေသအသီးသီးတွင် ဓမ္မစကူးလ်သင်ကြားရေးလုပ်ငန်းများ ရေရှည်ထိရောက်အောင်မြင်ရေး နည်းဗျူ ဟာများဖော်ထုတ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဒီဇင်ဘာလ(၂၈)ရက်နေ့မှ(၂၉)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးများနှင့်ပြည်နယ်များမှ ဓမ္မစကူးလ်ကော်မတီဆရာတော်များ၊ လူပုဂ္ဂိုလ်များတက်ရောက်ကာ ပထမနေ့တွင် ဖောင်ဒေးရှင်းဗဟိုမှ လုပ်ငန်းစဉ်များရှင်းလင်းလျှောက်ထားခြင်း၊ မူဝါဒဆိုင်ရာများ၊ နည်းပညာပိုင်းဆိုင်ရာများ၊ ရုံးပိုင်းဆိုင်ရာများ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)၏ ဆောင်ရွက်ပေးမှုများအပေါ် သုံးသပ်အကြံပြုခြင်း ခေါင်းစဉ်အောက်တွက် သင်ရိုးညွှန်းတမ်းဆိုင်ရာများ၊ သင်ကြားရေးဆိုင်ရာများ၊ ရုံးပိုင်းဆိုင်ရာကဏ္ဍများအား ဆွေးနွေးခြင်းများပါဝင်ပြီး တိုင်း၊ ပြည်နယ်၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီများ၏ စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့သည့်အောင်မြင်မှု အတွေ့အကြုံများမျှဝေခြင်း ခေါင်းစဉ်အောက်တွင် ကော်မတီအသီးသီး၏ ဆောင်ရွက်နေသော သင်ကြားစီမံလုပ်ငန်းများ၊ ၎င်းလုပ်ငန်း၏ အောင်မြင်မှုအခြေအနေများ(ဥပမာ -ကလေးများ၏ တိုးတက်မှုနှင့် ရပ်ရွာလူထုပါဝင်မှု)၊ အောင်မြင်ဖို့အတွက် ရင်ဆိုင်ဖြေရှင်းခဲ့သော အခက်အခဲနည်းလမ်းများ စသည့်ခေါင်းစဉ်များကို ဆွေးနွေးဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးဒုတိယနေ့တွင် ပထမနေ့ဆွေးနွေးချက်များကို ပြန်လည်စုစည်းတင်ပြခြင်း၊ သင်ကြားရေး အထောက်အကူပြုအဖွဲ့၊ ဖွဲ့စည်းနိုင်ရေးနှင့်စပ်လျဉ်း၍ဆွေးနွေးခြင်းခေါင်းသဉ်အောက်ရှိ ဓမ္မစကူးလ်ကျောင်းများတွင် သင်ကြားရေးနှင့်ပတ်သက်၍ တွေ့ကြုံနေရသောအခက်အခဲများ၊ ထိုအခက်အခဲများကို ဖြေရှင်းနိုင်ရန်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ၊ ထိုလုပ်ငန်းများကိုအကောင်အထည်ဖော်ရာတွင် ပါဝင်ကူညီပံ့ပိုးပေးမည့်သူများ၌ ရှိသင့်သည့် အရည်အချင်းများ၊ ဖွဲ့မည်ဆိုလျှင်ဘယ်သူတွေပါဝင်သင့်သလဲစသည့်ကဏ္ဍများဆွေးနွေးကြမည်ဖြစ်သည့်အပြင် ဓမ္မစကူးလ် ကျောင်းကော်မတီတွင် ရှိသင့်သောစံသတ်မှတ်ချက်များကို ဖော်ထုတ်ရန်အတွက် ကျောင်းကော်မတီ၏ တာဝန်နှင့်ဝတ္တရားများခေါင်းစဉ်အောက်ရှိ ကျောင်းကော်မတီ၏ဖွဲ့စည်းပုံစည်းမျဉ်းများ၊ ကျောင်းကော်မတီ၏တာဝန်နှင့် ဝတ္တရားများ၊ မိဘရပ်ရွာပါဝင်မှုမြှင့်တင်ရေး ခေါင်းစဉ်အောက်တွင် ဓမ္မစကူးလ်ကော်မတီအသီးသီးတွင် ဘမိဘရပ်ရွာ ပါဝင်မှုအခြေအနေ၊ မိဘရပ်ရွာပါဝင်နိုင်ရန်အတွက် ကော်မတီ၏စည်းရုံးနိုင်ခဲ့မှုအခြေအနေ စသည့်ခေါင်းစဉ်ပါ ကဏ္ဍအသီးသီးတို့ကို တိုင်း၊ ပြည်နယ်၊ မြို့နယ်ကော်မတီများက ဆွေးနွေးတင်ပြသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။