Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်သံဃမဟာနာယ ဆရာတော်ကြီးများအား ဝန်ကြီးချုပ်မိသားစုမှ ဆွမ်းဆက်ကပ်လှူဒါန်း

နိုင်ငံတော်သံဃမဟာနာယ ဆရာတော်ကြီးများအား ဝန်ကြီးချုပ်မိသားစုမှ ဆွမ်းဆက်ကပ်လှူဒါန်း

ဒီဇင်ဘာ ၇ (ပဲခူး)
===================

ပဲခူးတိုင်းဒေသကြီး အစိုးအဖွဲ့ဝန်ကြီးများ အိမ်ယာအတွင်းရှိ ဝန်ကြီးချုပ်နေအိမ်တွင် ဒီဇက်ဘာလ(၇)ရက်နေ့  နံနက်(၁၀:၃၀) နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားရင်ပြင်ပေါ်တွင် ကျင်းပပြုလုပ်မည့် သံဃာအပါး(၅၀၀၀) ဆွမ်းဆန်တော်လောင်းလှူပွဲသို့  ကြွရောက်လာသော နိုင်ငံတော်သံဃမဟာနာယ ဆရာတော်ကြီးများအား ဝန်ကြီးချုပ် မိသားစုမှ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ကုသိုလ်ကောင်းမှုပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး မိသားစုတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ ဗန်းမော်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တော်မူကြီး ဆရာတော်ကြီးများက မေတ္တာသုတ်ပရိတ်တရားတော် ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။
ထို့နောက် နိုင်ငံတော်သြဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော်ကြီးများအား ဝန်ကြီးချုပ်မိသားစုတို့က လှူဖွယ်ခြင်းနှင့် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ ဆရာတော်ကြီးများ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။