Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရေးအတွက် ပဲခူးမြို့သူ/သားများ စုပေါင်း၍ (ဒုတိယအကြိမ်) အလှူငွေကျပ်သိန်း(၁၀၀၀)လှူဒါန်း

နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရေးအတွက် ပဲခူးမြို့သူ/သားများ စုပေါင်း၍ (ဒုတိယအကြိမ်) အလှူငွေကျပ်သိန်း(၁၀၀၀)လှူဒါန်း

ဇန်နဝါရီ ၂၂ (ပဲခူး)
——————————

ပဲခူးမြို့ သီရိဟံသာခန်းမတွင် ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်က We Love Bago Charity organization မှတဆင့် နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရေးအတွက် ပဲခူးမြို့မှအလှူရှင်များက ဒုတိယအကြိမ်အလှူငွေ ကျပ်သိန်း(၁၀၀၀)လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ We Love Bago Charity organization ၏ ဂုဏ်ထူးဆောင်နာယကကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး We Love Bago Charity organization မှတဆင့် နိုင်ငံတော်၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်းထားသော ပဲခူးမြို့မှ အလှူရှင်များအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေနှင့် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်တို့က ဂုဏ်ပြုလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။
We Love Bago Charity organization မှတဆင့် နိုင်ငံတော်၏ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ဝယ်ယူရေးအတွက် ပဲခူးမြို့မှအလှူရှင်များအနေဖြင့် ပထမအကြိမ် ကျပ်သိန်း(၁၀၀၀)အား ဇန်နဝါရီလ(၁၅)ရက်နေ့က လှူဒါန်းထားပြီးဖြစ်ပြီး ယခုဒုတိယအကြိမ်တွင် စိန်မျှားဆေးပေါ့လိပ်မိသားစုမှ အလှူငွေကျပ် သိန်း(၂၀၀)၊ ဦးသိန်းဝင်း+ဒေါ်ကျင်ဌေးမိသားစုမှ ကျပ်သိန်း(၅၀)၊ ဦးသန်းဝင်းအောင်+ဒေါ်မြသန်းနွဲ့ သုခမိန်ဆေးပေါ့လိပ်မိသားစုမှ ကျပ်သိန်း(၅၀)၊ တရုတ်အမျိုးသား လူမှုရေးအသင်းမှ ကျပ်သိန်း(၃၀)၊ ပဲခူးမြို့ပေါ်ရှိ သီလရှင်ကျောင်းတိုက်များမှ (၂၆)သိန်းကျော်၊ ပဲခူးခရိုင်အဆင့် ဌာနဆိုင်ရာများက (၂၅)သိန်း၊ ဦးလှတင်+ဒေါ်အေးကြည် ကြယ်နီဆေးပေါ့လိပ် ကိုယ်စားလှယ်မိသားစုမှ ကျပ်သိန်း (၂၀)၊ ဦးပိန်ကွမ်း၊ ဦးစန်းလွင်၊ ဦးအောင်အောင်၊ ဦးထူးအောင်တို့မှ ကျပ်သိန်း(၂၀)၊ ဟင်္သာတင်းနစ်ကလပ် WTညီကိုများမှ(၁၃)သိန်း၊ ကျပ်(၁၀) သိန်းအလှူရှင်(၁၉)ဦးနှင့် အခြားအလှူရှင်များစုပေါင်း၍ ဒုတိယအကြိမ်အဖြစ် အလှူငွေကျပ်သိန်း(၁၀၀၀)အား လှူဒါန်းပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။