Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရေးရန်ပုံငွေအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အလှူငွေကျပ်သိန်း(၄၀၀)လှူဒါန်း

နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရေးရန်ပုံငွေအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အလှူငွေကျပ်သိန်း(၄၀၀)လှူဒါန်း

ဇန်နဝါရီ ၁၉ (ပဲခူး)
————————-

နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အလှူရှင်မိသားစုမှ အလှူငွေလာရောက်လှူဒါန်းခြင်း အခမ်းအ‌နားကို ဇန်နဝါရီလ(၁၉) ရက်နေ့ နံနက်(၁၀)နာရီအချိန်က အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ကျင်းပပြုလုပ်သည်။
လှူဒါန်းပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးညွန့်ရွှေ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးသိန်းနှင့် အလှူရှင်မိသားစုများ တက်ရောက်ကြပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လှူဒါန်းမှုအပေါ် ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။
ထို့နောက် အလှူရှင် ပဲခူးမြို့ ဥဿာမြို့သစ်၊(၇)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းနေ ဦးသိန်းအောင်+ဒေါ်အေးညွန့် သမီးမသူဇာအောင် မိသားစုမှ အလှူငွေကျပ်သိန်း(၄၀၀)အား ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။