Home / ကုသရေးဦးစီးဌာန / နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် မိသားစုမှ ပဲခူးဆေးရုံရှိလူနာများအား နေ့လည်စာအာဟာရနှင့် အလှူငွေ လှူဒါန်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် မိသားစုမှ ပဲခူးဆေးရုံရှိလူနာများအား နေ့လည်စာအာဟာရနှင့် အလှူငွေ လှူဒါန်း

ဇွန် ၁၈ (ပဲခူး)

==================================

ဇွန်လ(၁၈)ရက်နေ့၊ နေ့လည်(၁၂)နာရီအချိန်က ပဲခူးမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်လူနာများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မိသားစုမှ နေ့လည်စာအာဟာရနှင့်အလှူငွေများ ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။

အဆိုပါလှူဒါန်းပွဲတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၏မိသားစုနှင့်အတူ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများတက်ရောက်ပြီး ဆေးရုံတက်လူနာ (၇၃၀)ဦးအား တစ်ဦးလျှင် နေ့လည်စာအာဟာရ ကြက်ဆီထမင်း(၁)ဘူး၊ ကွတ်ကီးမုန့်ထုပ်(၁)ထုပ်နှင့် အလှူငွေ(၁၀၀၀)ကျပ်အပြင် သွေးလှူ ဒါန်းသူများအား ကြက်ဥများလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။