Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုဝင်ဘာလ(၂၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာလ(၂၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၂၀ (ပဲခူး)
=================


ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၀-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၅၅)ခု၌ နိုင်ငံသား(၂၃၁၃)ဦး၊ သံသယလူနာ(၅၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၆၆၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၉)ခု၌ နိုင်ငံသား(၇၀၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၁)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄၄)ခု၌ နိုင်ငံသား(၇၉၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၁)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၄၀၈)ခု၌ နိုင်ငံသား(၁၉၁၃)ဦးပြီး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၅၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၉၃၆)ခု၌ နိုင်ငံသား(၅၇၂၄)ဦးရှိပြီး သံသယလူနာ(၅၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၂၄)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။