Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုဝင်ဘာလ(၂၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာလ(၂၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၂၁ (ပဲခူး)
=================


ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၁-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၅၉)ခု၌ နိုင်ငံသား(၂၄၀၄)ဦး၊ သံသယလူနာ(၅၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၇၀၅)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၆)ခု၌ နိုင်ငံသား(၇၇၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၀)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄၁)ခု၌ နိုင်ငံသား(၈၀၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၃)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၉၀)ခု၌ နိုင်ငံသား(၂၀၁၆)ဦးပြီး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၉၁)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၉၁၆)ခု၌ နိုင်ငံသား(၅၉၉၇)ဦးရှိပြီး သံသယလူနာ(၅၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၁၀၉)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။