Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နေရပ်ပြန် ပြည်သူများ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုရန်အတွက် Young Investment Group Co., Ltd မှ ထောက်ပံ့ငွေလာရောက်လှူဒါန်း

နေရပ်ပြန် ပြည်သူများ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုရန်အတွက် Young Investment Group Co., Ltd မှ ထောက်ပံ့ငွေလာရောက်လှူဒါန်း

အောက်တိုဘာ ၁၆ (ပဲခူး)
====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ နေရပ်ပြန် ပြည်သူများ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုရန်အတွက် Young Investment Group Co., Ltd မှ ထောက်ပံ့ငွေလာရောက်လှူဒါန်းသည်။
ရှေးဦးစွာ ဦးသီဟအောင်၊ ဒေါ်နန်းစောထွေး(Young Investment Group Co., Ltd) တာဝန်ရှိသူများက Covid-19 ကာလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အသုံးပြုရန်အတွက် အလှူငွေကျပ် သိန်း(၁၀၀)အား လှူဒါန်းပေးအပ်ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က လက်ခံရယူခဲ့ပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။