Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပညာဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်မှသာ အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါက်ပေါက်လာရန် အထောက်အကူဖြစ်နိုင်ကြောင်း သာယာအေးကျေးရွာ၌ လူထုတွေ့ဆုံပွဲ၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းပြောကြား

ပညာဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်မှသာ အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါက်ပေါက်လာရန် အထောက်အကူဖြစ်နိုင်ကြောင်း သာယာအေးကျေးရွာ၌ လူထုတွေ့ဆုံပွဲ၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းပြောကြား

အောက်တိုဘာ ၆ (သာယာဝတီ)
============

ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာ၌ အောက်တိုဘာလ(၆)ရက်နေ့၊ မွန်းလွဲ(၁:၃၀)နာရီအချိန်က ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေစသည်တို့ ဘက်ညီမျှတစွာ အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲနေသလို အဓိကအားဖြင့် ဒီမိုကရေစီ၏ ရေသောက်မြစ်ဖြစ်သော ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို စတင်ပြောင်းလဲနေပြီဖြစ်ကြောင်း၊ ရုပ်ဝတ္တုပိုင်းဆိုင်ရာ မည်မျှပင်တိုးတက်စေကာမူ အချိန်ကာလ တစ်ခုရောက်လျှင် ပျက်စီးသွားတက်ကြောင်း၊ ပညာဉာဏ်ဖြင့်  စဉ်းစားတွေးခေါ်တတ်မှု၊ ပေါင်းစုအင်အားဖြင့် စည်းရုံးဆောင်ရွက်တတ်မှုတို့သည် တိုင်းပြည်အတွက် အနာဂတ်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအတွက် ရေရှည်အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ ဒါကြောင့် ပညာမြင့်မှ လူမျိုးတင့်မည်ဆိုသည့် ဆောင်ပုဒ်အတိုင်း တိုးတက်ပြောင်းလဲလာသော ခေတ်ကာလနှင့်အညီ ဒီမိုကရေစီ စံနှုန်းနှင့်ကိုက်ညီသော ပညာရေးစနစ်ကို စတင်မြှင့်တင်ပေးလျက်ရှိကြောင်း၊ ဒီနေရာမှာ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့၏ နေထိုင်မှုစရိုက်တွေ၊ စဉ်းစားတွေးခေါ်မှုတွေကို ပြောင်းလဲနိုင်မှသာ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ရွှေညောင်ပင်ကျေးရွာမှ ဖားရွှေကျော်ကျေးရွာသို့ ဆက်သွယ်ထားသည့် ဂဝံလမ်းအား ပြန်လည်ပြုပြင်ပေးရန်၊ ဖားရွှေကျော်တောင်စုကျေးရွာမှ ဖားရွှေကျော်ရွာမကြီး ကျေးရွာချင်းဆက်လမ်းအား ဂဝံလမ်းခင်းပေးရန်၊ သာယာအေးကျေးရွာ အနောက်ဘက်ရှိ ကျေးရွာပိုင်မြေဧရိယာ(၂)ဧကတွင် မီးသတ်တပ်ဖွဲ့စခန်းတစ်ခု တည်ဆောက်ပေးရန်၊ တုံးစမ်းကျေးရွာမှ ကျောင်းစု- လှည်းလမ်းကူးလမ်မကြီး ကျေးရွာချင်းဆက်လမ်းအား ဂဝံလမ်းခင်းပေးရန်၊ ဆင်စခန်းကျေးရွာမှ လည်းလမ်းကူးကျေးရွာအုပ်စု၊ ကိုးပင်ရိုးကျေးရွာ မြေနီလမ်းအား ဂဝံလမ်းခင်းပေးရန်၊ ဖားရွှေကျော်ကျေးရွာမှ ဆရာစံကုန်း အောင်မြေအထိ ကတ္တရာလမ်းအား ပြန်လည်ပြုပြင်ပေးရန်၊ သရက်ကုန်း- စာဖြူစု(အထက)ကျောင်း ကျောင်းဆောင်များအား အန္တရာယ်ရှိ/မရှိ စိစစ်ပေးရန်၊ သာယာအေး အထက(ခွဲ)ကျောင်း၏ (၂)ထပ်ကျောင်းဆောင်သစ် အဆောက်အဦနှင့် အခြားလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ သစ်တောပိုင်မြေနေရာအတွင်း ကျူးကျော်ဝင်ရောက်နေထိိုင်သူများအား ရှင်းလင်းဖယ်ရှားပေးရန်၊ ကျေးရွာ သာယာအေး အထက(ခွဲ)ကျောင်း၏ (၂)ထပ်ကျောင်းဆောင်သစ် အဆောက်အဦနှင့် အခြားလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ သစ်တောပိုင်မြေနေရာအတွင်း ကျူးကျော်ဝင်ရောက်နေထိိုင်သူများအား ရှင်းလင်းဖယ်ရှားပေးရန်၊ သာယာအေးကျေးရွာ အားကစားကွင်းမြေနေရာအား ပုံစံ(၁၀၅) ထုတ်ပေးနိုင်ရန်၊ စီနှစ်ခွကျေးရွာမှ ကျောင်းစု-လှည်းလမ်းကူးလမ်းမကြီးအထိ ကျေးရွာချင်းဆက်လမ်းအား ဂဝံလမ်းခင်းပေးရန်နှင့် လမ်းတစ်လျောက် Fiber ကြိုးများ မြှုပ်နှံထားမှုကြောင့် လမ်းဘေးဘောင်မြေသား ဖို့ပေးနိုင်ရန်၊ သာယာအေးကျေးရွာအုပ်စုအတွင်းရှိ စွန့်လွှတ်မြေ(၃၀၀)ဧကနှင့်ပတ်သက်၍ မူလတောင်သူများသို့ ပြန်လည်အပ်နှံပေးနိုင်ရေး အမြန်ဆုံးဆောင်ရွက်ပေးရန် တို့အား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။