Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပထမအကြိမ် သမိုင်းဝင်ဖိုးဦးတောင်စေတီ ဘုရားပွဲဖြစ်မြောက်ရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ မတည်လှူဒါန်ပေး

ပထမအကြိမ် သမိုင်းဝင်ဖိုးဦးတောင်စေတီ ဘုရားပွဲဖြစ်မြောက်ရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ မတည်လှူဒါန်ပေး

ပန်းတောင်း  ဇန်နဝါရီ ၂၄
=====================

ဇန်နဝါရီလ(၂၄)ရက်နေ့ မွန်းလွဲ(၃)နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ သမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ပထမဦးဆုံးအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး သွားရောက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အစိုးရအဖွဲ့က ပွဲတော်ကျင်းပနိုင်ရေးအတွက် မတည်ငွေ(၃၅)သိန်းကျပ်ကိုလှူဒါန်းပေးရာ ဘုရားဂေါပကနှင့် နာယကများက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် စေတီတော်မြတ်ကြီး၏ ဂေါပက၊ နာယကများနှင့် ရပ်မိရပ်ဖများက ဘုရားပွဲတော်နှင့် ပတ်သက်သည့် အစီအစဉ်များ လိုအပ်ချက်များ အသီးသီးတင်ပြကြရာ ဝန်ကြီးချုပ်က ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ သမိုင်းဝင်ဖိုးဦးတောင် စေတီတော်မြတ်သည် ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင်  တည်ရှိပြီး သုံးလောကထွဋ်တင် ဂေါတမဘုရားရှင်သည် ၁၀၃ ခုနှစ်၊ (၉)လမြောက်တွင် ဒေသစာရီကြွမြန်ပြီး ဘီလူး၊ နဂါးမင်းလေးပါးတို့ လျှောက်ထားတောင်းပန်၍ မျက်မှောက်တော်နှစ်သွယ် အလယ်၌ “ဥဏှာလုံ” မွေရှင်တော်မြတ်နှင့်အတူ ပွင့်တော်ကုန်သော “သုပ္ဖိက၊ ကုမုဒ၊ ပဒုမ၊ ပုဏ္ဏရိက” လေးမည်ရသော မွေရှင်တော်မြတ်များကို ဌာပနာ၍ တည်ထားအပ်သော သမိုင်းဝင်စေတီတော်မြတ်ကြီးဖြစ်ကြောင်း သိရှိရသည်။