Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမိသားစုမှ ပဲခူးဆေးရုံကြီးတွင် ကျန်းမာရေး အကာအကွယ်ဝတ်စုံ ဝယ်ယူရန်အတွက် အလှူငွေလှူဒါန်း

ပဲခူတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမိသားစုမှ ပဲခူးဆေးရုံကြီးတွင် ကျန်းမာရေး အကာအကွယ်ဝတ်စုံ ဝယ်ယူရန်အတွက် အလှူငွေလှူဒါန်း

စက်တင်ဘာ ၁၆ (ပဲခူး)
———————-

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာအတွင်းရှိ ဝန်ကြီးချုပ်၏နေအိမ် ဧည့်ခန်းမတွင် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းမိသားစုက ပဲခူးဆေးရုံကြီးတွင် ကျန်းမာရေးအကာအကွယ်ဝတ်စုံ (In Section Gowns) ဝယ်ယူရန်အတွက် အလှူငွေ‌ပေးအပ်လှူဒါန်းကြောင်း သိရသည်။
လှူဒါန်းမှုပြုလုပ်ရာတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဇနီး ဒေါ်စန်းစန်းမော်၊ သားမောင်ဆက်ဝင်းမာန်၊ သမီးမယွန်းဟေမာန်မိသားစုတို့က သမီးမယွန်းဟေမာန်၏(၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပဲခူးဆေးရုံကြီးတွင် ကျန်းမာရေးအကာအကွယ်ဝတ်စုံ (In Section Gowns)ဝယ်ယူရန်အတွက် အလှူငွေ‌ကျပ်(၅)သိန်းနှင့် ဆေးရုံဝန်ထမ်းများ၊ ဆေးရုံတက်လူနာများ သုံးဆောင်နိုင်ရန်အတွက် ခေါက်ဆွဲ‌ခြောက်ဖာများအား ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။