Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေး သီတင်းပတ်လှုံ့ဆော်ရေး ပိုစတာဖွင့်ပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေး သီတင်းပတ်လှုံ့ဆော်ရေး ပိုစတာဖွင့်ပွဲ ကျင်းပပြုလုပ်

မေ ၂၅ (ပဲခူး)
=========================

မေလ(၂၅)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် ပဲခူးမြို့၊ ရန်ကုန်-မန္တလေး အမြန်ကားလမ်းမဘေး၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံလမ်းထောင့်၌ ပဲခူးတိုင်းဒေသကြီး၂၀၁၇-၂၀၁၈ခု ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လှုံ့ဆော်ရေး ပိုစတာဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အင်းတကော်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတီးဝိုင်းအဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့မှ မြန်မာ့ကျောင်း၊ ဇာတိမာန်၊ ပလပ်စတစ်အရုပ်ကလေးများ သီးချင်းဖြင့် တီးမှုတ်ကပြဖျော်ဖြေပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်မှ “ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး” ကျောင်းအပ်နှံရေး သီတင်းပတ်လှုံ့ဆော်ရေး မြေစိုက်ပိုစတာအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် မူလတန်း(ခွဲ) ကျောင်းပေါင်း(၄၈၂၄) ကျောင်းရှိပြီး၊ ၂၀၁၆-၂၀၁၇ခု ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူပေါင်း (၈၈၅၉၈၁)ဦးသည်။ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မြင်မြင့်သန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားများ တက်ရောက်ကြ ကြောင်း သိရသည်။