Home / ဖြူးမြို့နယ် / ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်မှု

ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်မှု

14079812_658147624333408_2746538335567762486_n

(၁၈-၆-၂၀၁၆) ရက်နေ့ ၁၃၃၀ အချိန်မှ ၁၅၄၀ အချိန်ထိ ဖြူးမြို့နယ်၊ ဖြူးမြို့ မြို့နယ်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက်မှ ၀န်ဆောင်မှုကို ရှေးရှုသောရဲလုပ်ငန်းဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ရာ တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ (ဖြူး ကျောက်ကြီး အုတ်တွင်း) ပါ၀င်သော တောင်ငူခရိုင်အတွင်းရှိ ဖြူးမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ အုတ်တွင်းမြို့နယ် တို့မှ အရာရှိ (၃၉)ဦး၊ အခြားအဆင့် (၁၄၂)ဦး၊ စုစုပေါင်း (၁၈၁)ဦး တက်ရောက်ခဲ့ပြီး ၀န်ဆောင်မှုကို ရှေးရှုသောရဲလုပ်ငန်းအား ဂဃဏန သိရှိနားလည်အောင် ချပြရှင်းလင်းခြင်းနှင့် ဒုတိယရက် ၁၀၀ စီမံချက်ကာလအတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားမှုများပပျောက်ရေး၊ ပင်ရင်းဒိုင်ချုပ်များအား ပိုမိုထိရောက်စွာ ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ရန် မှာကြားဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

14040096_658147734333397_7160712789634019671_n 14021545_658147681000069_5529350761341002735_n