Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း စာအောင်သံဃာတော်များနှင့် သီလရှင်များအပါး (၂၃၄၀)အားဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးအတွင်း စာအောင်သံဃာတော်များနှင့် သီလရှင်များအပါး (၂၃၄၀)အားဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲကျင်းပ

ပဲခူး ဖေဖော်ဝါရီ ၁

===================

ဖေဖော်ဝါရီလ(၁)ရက်နေ့ မွန်းလွဲ (၁၂:၃၀)အချိန်က ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်ကြီး အနောက်ဖက်မုခ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအတွင်း စာအောင်သံဃာတော်များနှင့် သီလရှင်များအပါး(၂၃၄၀)အား ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
အဆိုပါ စာအောင်သံဃာတော်များနှင့် သီလရှင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊လွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်ရင်၊တရား သူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ NGO အဖွဲ့များ၊ စေတနာရှင် ဒေသခံပြည်သူများက ဆွမ်းဆန်တော်နှင့် လှူဘွယ်ပစ္စည်းများကို စေတနာထက်သန်စွာ လောင်းလှူခဲ့ကြကြောင်းနှင့် တတိယအကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူခြင်းဖြစ်ကြောင်း သိရှိရသည်။