Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရေး ဧရာ၀တီဖောင်ဒေးရှင်းမှ ဆန်အိတ်(၁၀၀၀)လာရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရေး ဧရာ၀တီဖောင်ဒေးရှင်းမှ ဆန်အိတ်(၁၀၀၀)လာရောက်လှူဒါန်း

ဧပြီ ၆ (ပဲခူး)
========================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဧပြီလ (၆)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရေးအတွက် ဧရာ၀တီဖောင်ဒေးရှင်းမှ ဆန်အိတ်(၁၀၀၀)လာရောက်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက COVID-19 ကာကွယ်ရေးလုပ်ငန်းစဉ်များကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ကတည်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဆောင်ရွက်ခဲ့ပြီး၊ ယခုအချိန်ထိလည်း အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများမှ ပြန်လာသော မြန်မာနိုင်ငံသားများအား Facility Quarantine တွင် (၁၄)ရက် စောင့်ကြည့်နေထိုင်စေလျက်ရှိပြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ပရဟိတအစီအစဉ်ဖြင့်လည်းကောင်း ကျွေးမွေးခြင်း၊ ထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ၊ ယခုလာရောက် လှူဒါန်းသည့် ဆန်အိတ်များကိုလည်း လိုအပ်သည့် Facility Quarantine များသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ယခုလို လာရောက်လှူဒါန်းပေးမှုအပေါ် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီဖောင်ဒေးရှင်းများ ဒါရိုက်တာ ဦးဆန်းလင်းဝင်းမှ လှူဒါန်းရသည့် အကြောင်းအရင်းအား ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေးတို့ထံ ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရေး ဆန်အိတ်(၁၀၀၀)အား ပေးအပ်လှူဒါန်းရာ အစိုးရအဖွဲ့မှဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့သည်။
ဧရာ၀တီဘဏ်နှင့် Max Myanmar Group တို့ ပူးပေါင်း၍ ဧရာဝတီဖောင်ဒေးရှင်းအဖြစ် ထူထောင်ကာ မြန်မာနိုင်ငံအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များကို အထူးအလေးပေး ကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ ယခုဖြစ်ပွားနေသည့် ကူးစက်မြန် အဆုတ်ရောင် ရောဂါ Coronavirus Disease 2019 (COVID–19) ကာကွယ်ကုသရေးနှင့်စပ်လျဉ်း၍ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် ဧရာဝတီဖောင်ဒေးရှင်းနှင့် AYA SOMPO အာမခံ ကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေကျပ်သိန်း (၅,၀၀၀) တိတိအား အာမခံအဖြစ်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် ဆန်အိတ်ပေါင်း(၁၅၀၀၀)ကိုလည်းကောင်း ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။