Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ကျန်းမာရေးသုံးပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း

ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ကျန်းမာရေးသုံးပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း

မေ ၁၅ (ပဲခူး)
===================

မေလ(၁၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး Myanmar Carlsberg Co., Ltd မှကျန်းမာရေးသုံးပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းသည်။
ရှေးဦးစွာ Myanmar Carlsberg Co., Ltd . Managing Director- Christoph Vavrik က   ထောက်ပံ့လှူဒါန်းရခြင်းအား ရှင်းလင်းပြောကြားခဲ့ပြီး ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)တန်ဖိုးရှိ Hand Gel (၈၃၀)ဘူးနှင့် Mask(၅၀)ခုပါ (၃၇၀)ဘူးတို့အား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ Myanmar Carlsberg Co., Ltd . Managing Director- Christoph Vavrik၊ ဦးကျော်ဇင်ထွန်းနှင့် ဦးခန့်ထက်အောင်တို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။