Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် PPE ဝတ်စုံများ လာရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် PPE ဝတ်စုံများ လာရောက်လှူဒါန်း

အောက်တိုဘာ ၂၀ (ပဲခူး)
=====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမသို့ အောက်တိုဘာလ(၂၀)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် CIC ကုမ္ပဏီမှ PPE ဝတ်စုံများ လာရောက်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ CIC ကုမ္ပဏီ (ဆေးရုံသုံး၊ ရောဂါကာကွယ် အဝတ်အထည် ထုတ်လုပ်ရေးစက်ရုံ)မှ ဒါရိုက်တာ ဦးနေလမှ PPE ဝတ်စုံ(၁၀၀၀)စုံအား ပေးအပ်လှူဒါန်းရာ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ လှူဒါန်းရရှိသည့် PPE ဝတ်စုံများအား သက်ဆိုင်ရာ မြို့နယ်အလိုက် စာရင်းဇယားများဖြင့် စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။