Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် PPE ဝတ်စုံများ လာရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် PPE ဝတ်စုံများ လာရောက်လှူဒါန်း

အောက်တိုဘာ ၂၂(ပဲခူး)
=====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမသို့ အောက်တိုဘာလ(၂၂)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် COBES INDUSTRIES (BAGO) CO., LTD မှ တန်ဖိုးငွေ (၂၅)သိန်း တန်ဖိုးရှိ PPE ဝတ်စုံများ ပေးအပ်လှူဒါန်းရာ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အဆိုပါ လှူဒါန်းရရှိသည့် PPE ဝတ်စုံများအား သက်ဆိုင်ရာ မြို့နယ်အလိုက် စာရင်းဇယားများဖြင့် စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။