Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း

နိုဝင်ဘာ ၁၇ (ပဲခူး)
================

 

ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ဝိမလသီရိဗိမာန်တော်ကြီးတွင် နိုဝင်ဘာလ(၁၇)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဥဿာသီရိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရီယဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး လှမျိုးရွှေနှင့်ဇနီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးအုပ်ချုပ်ရေးမှုး ဦးတိုးဝင်းနှင့်ဇနီး၊ ညွှန်ကြားရေးမှုး ဦးတင်ထူးမောင်နှင့်ဇနီး၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှုး ဦးရဲထွဋ်နှင့်ဇနီး၊ မြို့နယ်အုပ်ချုပ်ရေးမှုးများက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်း၊ လှူဖွယ်ဝတ္ထုနှင့် ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ကထိန်အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတမ်းပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
ယင်းနောက်ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ ယနေ့ငွေပဒေသာပင်၊ ပစ္စည်းပဒေသာပင်နှင့် အခြားလှူဒါန်းမှုအစုစုတန်ဖိုးမှာ ငွေကျပ်(၆၃၉၅၉၅ဝိ/)ရှိကြောင်း သတင်းရရှိသည်။