Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ Online Booking စနစ်ဖြင့် ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အစီအစဉ် သတင်းထုတ်ပြန်ချက်

ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ Online Booking စနစ်ဖြင့် ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အစီအစဉ် သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၁၉ (ပဲခူး)
===================


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် Corona Virus Disease 2019(COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ခွင့်ပြုချက်အရ မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊လူစီးသုံးဘီးမော်တော်ယာဉ်နှင့် ထရော်လာဂျီယာဉ်များ၏ ကနဦးမှတ်ပုံတင် ခြင်းလုပ်ငန်းများကို ရုံးများအားလုံးတွင်(၂၀.၁.၂၀၂၁)ရက်(ဗုဒ္ဓဟူးနေ့)မှ စတင်၍ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

Online အသုံးပြုရန် အသေးစိတ်အချက်အလက်များအား www.motc.gov.mm, www.myanmarrtad.com, www.rtad.gov.mm Website များနှင့် RTAD HQ Facebook တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်၊ Onile Booking လျှောက်ထားသည့် Appointment Letter ၌ ကြိုတင် ဖော်ပြထားသည့် COVIDE-19 ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များအား သေချာစွာဖတ်ရှု၍ တိကျစွာအလေးထားလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါသည်၊ မရှင်းလင်းသည် များရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-
တိုင်းဒေသကြီးဦးစီးမှူးရုံး(ပဲခူး) – ၀၅၂-၂၂၃၀၀၄၆
၀၉-၈၈၉၀၀၄၄၂၂
အပြည့်အစုံ ဖတ်ရှုရန်—————————