Home / တောင်ငူမြို့နယ် / ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) အဋ္ဌမအကြိမ် အစည်းအဝေးသို့ ဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ တက်ရောက်

ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) အဋ္ဌမအကြိမ် အစည်းအဝေးသို့ ဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ တက်ရောက်

အောက်တိုဘာ ၃၁ (ပဲခူး)
=====================================================

23131787_1526061204149442_8432403924315175033_n
ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ၏ အဋ္ဌမအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ကော်မတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဦးစွာပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြတ်ကျော်နှင့် ကော်မတီ ဒုတိယဥက္ကဋ္ဌများက အမှာစကားများ ပြောကြားကြသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များက သတ္တမအကြိမ် အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည့် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို အသီးသီးရှင်းလင်း ဆွေးနွေးညှိနှိုင်းကြပြီး အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြကြောင်း သတင်းရရှိသည်။