Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး သင်ယူမှုအခွင့်အလမ်းမြင့်မာရေး အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် တွေ့ဆုံညှိနှိုင်းပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး သင်ယူမှုအခွင့်အလမ်းမြင့်မာရေး အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် တွေ့ဆုံညှိနှိုင်းပွဲကျင်းပပြုလုပ်

နိုဝင်ဘာ ၂၉ (ပဲခူး)
=====================

နိုဝင်ဘာလ(၂၉)ရက်နေ့  နံနက်(၉)နာရီအချိန်က ပဲခူးမြို့ မြို့တော်ခန်းမတွင် ပဲခူးတိုင်းဒေသကြီး သင်ယူမှုအခွင့်အလမ်း မြင့်မာရေး အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု လူမှုစီးပွားဘဏ္ဍ မြင့်မားမှုဟာ ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပေါ် မူတည်ပြီးကွာခြားနေကြောင်း၊ ပညာရေးအဆင့်မြင့်မားတဲ့ နိုင်ငံများဟာ ဖွံ့ဖြိုးတိုးတက်မှုဖြင် နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု လူမှုစီးပွားဘဏ္ဍ မြင့်မားမှုဟာ ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပေါ် မူတည်ပြီးကွာခြားနေကြောင်း၊ ပညာရေးအဆင့်မြင့်မားတဲ့ နိုင်ငံများဟာ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားသလို ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံများကိုကြည့်ရင် ပညာရေးကဏ္ဍမှာ နိမ့်ကျနေတယ်ဆိုတာ ကမ္ဘာ့နိုင်ငံအသီးသီးကို ကြည့်ရင်သိရှိနိုင်ကြောင်း၊ မိမိတို့အစိုးရ တာဝန်ယူပြီးနောက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဦးစားပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး ပညာရေးကဏ္ဍ အဆင့်မြှင့်တင်နိုင်ရေး လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေနှင့်ပတ်သက်ပြီး ပြည်ထောင်စုခွင့်ပြုပေးတဲ့ Budge အပြင် တိုင်းဒေသကြီး အစိုးရမှလည်း လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့မှုကိစ္စများကို အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးကဏ္ဍနှင့် ပတ်သက်ပြီး အခြေခံပညာ၊ အဆင့်မြင့်ပညာ တက္ကသိုလ်ကျောင်းများရဲ့ အခန်းကဏ္ဍဟာ အရေးကြီးသလို အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ သင်ကြားရေးကျောင်းများ၊ Vocational Training သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ ကျောင်းပြင်ပ ပညာရေး Nan Formal Education Program (NFEP) ဟာလည်း အရေးကြီးကြောင်း၊ ပညာရေးကဏ္ဍ မြှင့်တင်ခြင်းသည် ခဏတာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်မဟုတ်ဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် စီမံချက်များချမှတ်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ဆရာ/ဆရာမများ ကျောင်းပြင်ပ (ကျူရှင်သင်ကြားမှု ပပျောက်စေရေး)၊ ဆရာ/ဆရာမများ စွမ်းရည်မြင့်မာအောင် တည်ဆောက်မှု၊ စာသင်ကျောင်းနှင့် သင်ထောက်ကူပစ္စည်း ပြည့်စုံမှု၊ လက်တွေ့လုပ်ဆောင်နိုင်သည့် စာသင်ခန်းများ တည်ထောင်မှု၊ သင်ကြားမှုနည်းလမ်းပုံစံတွေကို အစိုးရအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေ ကျွမ်းကျင်ပညာရှင်တွေ အားလုံးပူးပေါင်းပြီး မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းများ၊ Pilot Project များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ကြဘို့လည်း တိုက်တွန်းလိုကြောင်း အမှာစကားပြောကြားပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ ပဲခူးတိုင်းဒေသကြီး သင်ယူမှုအခွင့်အလမ်းမြင့်မာရေး၊ အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး၊ လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ရေးတို့အတွက် အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက ပညာရေးသုတေသန၊ စီမံခန့်ခွဲရေးနှင့် လေ့ကျင့်ရေးကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက အဆင့်မြင့်ပညာဦးစီးဌာနနှင့် ပတ်သက်၍လည်းကောင်း သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။
အဆိုပါ အခမ်းအနားသည် ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျှက်ရှိသော သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှုကိစ္စများ၊ ဒေသသင်ရိုး၊ သင်ကြားသင်ယူမှုနည်းလမ်းများ၊ ဆရာ/ဆရာမဖြည့်တင်းရေး စာသင်ခန်း၊ သင်ထောက်ကူပစ္စည်း၊ စာကြည့်တိုက်၊ ICT၊ သန့်စင်ခန်းများ စသည့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး၊ တိုင်းရင်းသားဘာသာစာပေနှင့် Teaching Assistant(TA)နှင့် Language Teacher (LT)များ ခန့်ထားရေးဆိုင်ရာများ၊ Englishဘာသာစကား အရည်အသွေးရှိသော သုတေသနစာတမ်းများပြုစုရေး၊ ဆရာအတတ်ပညာသင် တန်များအဆင့်မြှင့်တင်ရေး၊ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိဘအုပ်ထိန်းသူများ၊ ကျောင်းသား/သူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများထံ လာရောက်ချပြ ဆွေးနွေးညှိနှိုင်း တင်ပြကြခြင်းဖြစ်ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ထိန်းသူမိဘပြည်သူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ပညာရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ ပဲခူးတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ပြည်/တောင်ငူ)၊ ကွန်ပျူတာတက္ကသိုလ် (ပြည်/တောင်ငူ)တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ပညာရေးကောလိပ် (ပြည်/တောင်ငူ)၊ အစိုးရစက်မှုလက်မှု အထက်တန်းကျောင်း (ပြည်/တောင်ငူ)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(လက်ပံတန်း)တို့မှ ကျောင်းအုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၊ တိုင်းရင်းသားများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။