Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပဲခူးမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

စက်တင်ဘာ ၁၆ (ပဲခူး)
==============

ပဲခူးမြို့ မြို့တော်ခန်းမတွင် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ကျွန်ုပ်တို့အားလုံးအနေဖြင့် ဒြပ်ပစ္စည်းများသုံးစွဲမှုကို လျော့ချနိုင်ရေးအတွက် ကန့်သတ်ချက်၊ တားမြစ်ချက်များကို အပြည့်အဝ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းမှ ဖတ်ကြားသည်။
ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်Video Clipအားပြသပြီး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်မှလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းကလည်းကောင်း ဆုများပေးအပ်ချီးခဲ့ကြောင်းသိရသည်။
အိုဇုန်းလွှာသည် ကမ္ဘာ့မြေပြင်အထက်(၆)မိုင်မှ (၃၁)မိုင်အတွင်း ကမ္ဘာ့လေထု၏ ဒုတိယအလွှာဖြစ်သည့် စထရာတိုစဖီးယား(Stratosphere)တွင်တည်ရှိပြီး နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည် “ဘီ”ကို ကမ္ဘာ့မြေပေါ်သို့ မကျရောက်စေရန် (၉၅)%မှ(၉၉)%အထိ ကာကွယ်ပေးထားသည့် သဘာဝအကာအကွယ်တစ်ခုဖြစ်သည်။
ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်အနေဖြင့် မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်တွင် လက်မှတ်ရေးထိုးသည့် စက်တင်ဘာလ(၁၆)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ကာ အဖွဲ့ဝင်နိုင်ငံများတွင် ၁၉၉၅ခုနှစ်မှစတင်၍ အထိမ်းအမှတ်အခမ်းအနားများ၊ လှုပ်ရှားမှုများပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၀၈ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့သည်။
အပြည်ပြည်ဆိုင်ရာကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘပေါ်ရှိလူသားများအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် အိုဇုန်းလွှာပျက်စီးစေနိုင်သော ဒြပ်ပစ္စည်းများလျော့ချတားဆီးစေရန်နှင့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုကို တားဆီးစေရန်အတွက်ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယခုနှစ်ဆောင်ပုဒ်သည်”32 Years and Healing” “၃၂နှစ်ကြာအောင်မြင်မှု အိုဇုန်းလွှာကသက်သေပြု”ဖြစ်ကြောင်းသိရသည်။

[feedzy-rss feeds=”https://bagoregion.gov.mm/feed” feed_title=”yes” refresh=”12_hours” summary=”yes” ]