Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူးမြို့တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ဖေဖော်ဝါရီ ၁၁ (ပဲခူး)
——————————-

ဖေဖော်ဝါရီလ(၁၁)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြသည်။
စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်ထမ်းများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား(၇၀၀)ဖြင့် ရွှေမော်ဓောဘုရား ရင်ပြင်တော်နှင့် ဘုရားပရဝဏ်၊ စောင်းတန်းတို့ကိုလည်းကောင်း၊ ရွှေမော်ဓောဘုရားယာဉ်နားကွင်းနှင့် ဗုဒ္ဓအသံဓမ္မဗိမာန်ဝန်းအတွင်း၌လည်းကောင်း၊ ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး အတွင်း/အပြင်၌လည်းကောင်း အုပ်စုများခွဲပြီး အမှိုက်ကောက်ခြင်းဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးပြီး ဌာနဆိုင်ရာများနှင့်အတူ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။