Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့အနီး စက်မှုဇုန်အကောင်အထည်ဖော်နိုင်ရေး Hua Tai Enterprise Co., Ltd မှ လာရောက်တွေ့ဆုံ

ပဲခူးမြို့အနီး စက်မှုဇုန်အကောင်အထည်ဖော်နိုင်ရေး Hua Tai Enterprise Co., Ltd မှ လာရောက်တွေ့ဆုံ

ဇူလိုင် ၂၈ (ပဲခူး)
=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဇူလိုင်လ(၂၈)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးမြို့နယ်အတွင်း စက်မှုဇုန်အကောင်အထည်ဖော်နိုင်ရေး Hua Tai Enterprise Co., Ltd မှ Mr. Johno Than ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မှ လာရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ  Hua Tai Enterprise Co., Ltd မှ Mr. Johno Than က ပဲခူးမြို့အနီး မြေဧရိယာ(၃၆၀)ဧက၌ စက်မှုဥယျဉ်မြို့တော် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရာတွင် စက်ရုံ(၅၇)ရုံ၊ ဝန်ထမ်းအဆောင်(၁၅) ဆောင်၊ စားသောက်ဆိုင်၊ စျေးဝယ်စင်တာ၊ မူလတန်းကျောင်းနှင့် မိဘမဲ့ဂေဟာတို့ ပါဝင်မည်ဖြစ်ပြီး ဒေသခံပြည်သူ (၆)သောင်းခန့် အလုပ်အကိုင် အခွင့်အလမ်း ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ပြီး တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေများ ရရှိလာနိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်၍ ကြိုဆိုပါကြောင်း၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲထားရာတွင်လည်း စက်မှုစီမံကိန်း လျာထားသည့် မြေနေရာအတွင်း ကျရောက်လျက်ရှိပြီး စက်မှုဇုန်ဥပဒေလည်း ထွက်ရှိလာပြီဖြစ်၍ ဥပဒေနှင့်အညီသာ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Hua Tai Enterprise Co., Ltd မှ Mr. Johno Than ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။