Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့Quarantineစခန်းများတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေသည့် Volunteerများအတွက် စားသောက်စရိတ်ငွေ ထောက်ပံ့ပေးအပ်

ပဲခူးမြို့Quarantineစခန်းများတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေသည့် Volunteerများအတွက် စားသောက်စရိတ်ငွေ ထောက်ပံ့ပေးအပ်

မေ ၂၉ (ပဲခူး)
==================

FI
ပဲခူးတိုင်းဒေသကြီးCOVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ မေလ(၂၉)ရက်နေ့ ညနေပိုင်းအချိန်က ပဲခူးမြို့ဗုဒ္ဓအသံဓမ္မဗိမ္မာန်ဝင်းအတွင်း၌ ပဲခူးမြို့Quarantineစခန်းများတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေသည့် Volunteerများအတွက် စားသောက်စရိတ်ငွေ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေနှင့် ပဲခူးတိုင်းဒေသကြီးCOVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များ၊ ပဲခူးမြို့ စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဝန်ကြီး‌ ဒေါ်နော်ပွယ်စေးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်ဆွေတို့မှ ပဲခူးမြို့Quarantine စခန်းများတွင် COVID-19 ကပ်ရောဂါအစပြုချိန်မှစ၍ ယနေ့အထိ Anti.Covid-19 volunteer Bago team အတွက် စားသောက်စရိတ်ထောက်ပံ့‌ငွေကျပ်(၁၃၃၂၆၀ဝိ/-)အား ထောက်ပံ့ပေးအပ်ရာ Anti,Covid-19 Volunteer team မှ တာဝန်ခံ ဦးကျော်မျိုးဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။