Home / မီဒီယာ / သတင်းမှတ်တမ်းများ / ပြည်ခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာကျင်းပပြုလုပ်

ပြည်ခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာကျင်းပပြုလုပ်

သြဂုတ် ၂၀ (သဲကုန်း)
==============================

3သြဂုတ်လ(၂၀)ရက်နေ့ နံနက်ပိုင်းအချိန်က ပြည်ခရိုင် သဲကုန်းမြို့ မြို့တော်ခန်းမတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်ခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်သည်။
အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ ပါတီအသီးသီးမှတာဝန်ရှိသူများ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများတက်ရောက်ကာ လက်ရစ်ချည်ခြင်းခံယူပြီး ရိုးရာအစားအသောက်များနှင့်တည်ခင်းဧည့်ခံကြကြောင်းသိရသည်။