Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်မြို့တွင် အခြေခံဂျပန်စကားပြောသင်တန်းအား ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်

ပြည်မြို့တွင် အခြေခံဂျပန်စကားပြောသင်တန်းအား ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်

ဧပြီ ၂၆ (ပြည်)
===========================

ပြည်မြို့၊ ခေတ္တရာရတနာမြို့တော်ခန်းမ၌ ဧပြီလ (၂၆)ရက်နေ့၊ နံနက် (၈)နာရီအချိန်က အခြေခံဂျပန်စကားပြောသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် နိုင်ငံတကာမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပိတ်ပင်မှုများကြောင့် ပြည်သူများ အသိအမြင် ဗဟုသုတ နည်းပါးခဲ့ကြောင်း၊ ယခုခေတ်ကာလသည် ပညာခေတ်ဖြစ်ပြီး နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလည်း လာရောက်ဆောင်ရွက်လာကြပြီဖြစ်၍ နိုင်ငံခြားဘာသာစကားများ တတ်ကျွမ်းရေးသည် အလွန်အရေးပါလာပြီဖြစ်ကြောင်း၊ ဒီသင်တန်းတွင် သင်ကြားပေးမည့် အခြေခံဂျပန်ဘာသာစကားကိုလည်း နားလည်တတ်ကျွမ်းနိုင်စေရန်အတွက် သင်ကြားမည့် ဆရာများဘက်မှလည်း စေတနာအရင်းခံ၍ သင်ကြားပေးစေလိုသလို သင်ကြားမည့် သားတို့သမီးတို့အနေဖြင့်လည်း ကြိုးကြိုးစားစား သင်ကြားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အဆိုပါ သင်တန်းအား အောင်ဆန်းပညာဒါနမှကြီးမှူး၍ ရွှေမင်းသမီးဖောင်ဒေးရှင်း၏ ကူညီပံ့ပိုးမှုဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရှိရသည်။