Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီး ဦးညွန့်ရွှေတက်ရောက်

ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီး ဦးညွန့်ရွှေတက်ရောက်

အောက်တိုဘာ ၂၇(ပဲခူး)
==========================

အောက်တိုဘာလ ၂၇ ရက်နေ့ (၀၉:၃၀)နာရီအချိန်ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ တက်ရောက် အမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနား၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက မိုးညိုမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ၊ အားသာချက်၊ အားနည်းချက်များ တင်ပြခဲ့ရာ၊ ဝန်ကြီး က UNDP အကူညအညီ အထောက်အပံ့ဖြင့် မိုးညိုမြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အမှန်တကယ်အကျိုးရှိရှိ အသုံးပြုနိုင်ရေး မှာကြားခဲ့သည်။
အခမ်းနားသို့ ဝန်ကြီး ဦးညွန့်ရွှေ၊ UNDP မှMs.Anki Dellnas နှင့် တာဝန်ရှိ ဌာနေကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိုးညိုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။