Home / ဖြူးမြို့နယ် / ဖြူးမြို့နယ် ဝဲကြီးတောင်-မြောက် ကျေးရွာချင်းဆက်တံတား ရေကျော်မှုအခြေအနေအားကြည့်ရှု

ဖြူးမြို့နယ် ဝဲကြီးတောင်-မြောက် ကျေးရွာချင်းဆက်တံတား ရေကျော်မှုအခြေအနေအားကြည့်ရှု

စက်တင်ဘာ ၂ (ဖြူး)
==========================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ(၂)ရက်နေ့ ညနေ(၄)နာရီအချိန်က တာဝန်ရှိသူများနှင့်အတူ ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးတောင်နှင့် ဝဲကြီးမြောက် ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုးတံတား ရေဖြတ်ကျော်စီးဆင်းနေမှုအား သွားရောက်ကြည့်ရှုခဲ့သည်။
အဆိုပါတံတားသည် အရှည် (၁၈၅)ပေရှိ သစ်သားတံတားအဖြစ် ကျေးရွာသူ/သားများက ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားသော ကျေးရွာချင်းဆက်တံတားဖြစ်ပြီး ယခုအခါ စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် တံတားပေါ်မှာရေနစ်မြှုပ်လျှက်ရှိသည်။ တံတားရေရှည်တည်တံ့ခိုင်ခန့်ရန်အတွက် ကျေးရွာသူ/သားများက ကွန်ကရစ်တံတားအဖြစ် ပြန်လည်တည်ဆောက်ပေးရန် တင်ပြတောင်းဆိုကြရာ ဝန်ကြီးချုပ်မှ သက်ဆိုင်ရာတာဝန်ရှိသူများအား တွက်ချက်တင်ပြရန် လမ်းညွှန်မှာကြားကာ တံတားတွင် အမှိုက်များရှင်းလင်းပေးနေသော လုပ်အားပေးအဖွဲ့အား အလှူ ငွေကျပ်(၁)သိန်းပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူး-အုတ်ဖြတ်-မုန်းလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်)လျာထား တံတားအူကြောင်းနေရာအား သွားရောက်ကြည့်ရှုရာ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှုး(မြို့ပြ)ဦးဇော်ထွန်းက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။