Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဗိုလ်ချုပ်အောင်ဆန်း ခေတ္တတည်းခိုခဲ့သော ဇရပ်ပြန်လည်ပြုပြင်နေမှုအား ဝန်ကြီးချုပ် ဦးဝင်းသိန်း ကြည့်ရှုစစ်ဆေး

ဗိုလ်ချုပ်အောင်ဆန်း ခေတ္တတည်းခိုခဲ့သော ဇရပ်ပြန်လည်ပြုပြင်နေမှုအား ဝန်ကြီးချုပ် ဦးဝင်းသိန်း ကြည့်ရှုစစ်ဆေး

အောက်တိုဘာ  ၅ (ပြည်)
============

0-02-06-5e1be213a9aaabce351bc78681736b8f6041a6a6c1cd93064ddde67fefd1b8f0_dbbf4289ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ (၅)ရက်နေ့၊ နံနက်(၈:၃၀)အချိန်က ပြည်မြို့နယ်၊ ရွှေနတ်တောင်ဘုရားသို့  သွားရောက်ဖူးမျှော်ခဲ့ပြီး ၁၉၄၅ ခုနှစ်၊ မတ်လ(၂၆)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေတ္တစခန်းချတည်းခိုခဲ့သော ဦးချင်+ဒေါ်ဧရှင်ဇရပ် ပြန်လည်ပြုပြင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သမိုင်းတန်ဘိုး အလွန်ကြီးမားသော မြန်မာနိုင်ငံ၏ လွတ်လပ်ရေးပိသုကာကြီး ခေတ္တစခန်းချတည်ခိုခဲ့သော နေရာဖြစ်၍ ရှေးမူမပျက် ပြန်လည်ပြုပြင်ရာတွင် တာဝန်ရှိသူများအားလုံး အထူးသတိထား ဆောင်ရွက်ကြစေလိုကြောင်း၊ နောင်လာနောင်သားများအတွက် လွပ်လပ်ရေးသမိုင်းဝင် အဓိကနေရာတစ်ခုဖြစ်သည်ကို သိရှိနိုင်စေရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ကော်မတီဖွဲ့စည်း ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ခေတ္တစခန်းချ တည်းခိုခဲ့သော ဦးချစ်+ဒေါ်ဧရှင် ဇရပ်အား ပြန်လည်ပြုပြင်နိုင်ရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ်(၁၇၅)သိန်း ထောက်ပံ့ပေးအပ်ထားကြောင်း သတင်းရရှိသည်။