Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မင်းလှမြို့ ဓမ္မသုခဓမ္မာရုံကြီး တည်ဆောက််ရန်အတွက် အလှူငွေလှူဒါန်း

မင်းလှမြို့ ဓမ္မသုခဓမ္မာရုံကြီး တည်ဆောက််ရန်အတွက် အလှူငွေလှူဒါန်း

ဒီဇင်ဘာ ၂၉ (မင်းလှ)
————————–

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဇနီးမိသားစုတို့သည် ဒီဇင်ဘာလ(၂၉)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်ခန့်က မင်းလှမြို့တွင် တည်ဆောက်လျှက်ရှိသည့် ဓမ္မသုခဓမ္မာရုံကြီးအတွက် အလှူငွေများကို ဝေဠုဝန်ကျောင်းတိုက် ဆရာတော်ဘုရားကြီးထံ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်ဇနီး မိသားစုတို့နှင့်အတူ မြန်မာမုဒိတာဖောင်ဒေးရှင်း ဥက္ကဌ ဦးတင်မောင်နိုင်နှင့်ဇနီး မိသားစုတို့ကလည်း ဓမ္မသုခဓမ္မာကြီးအတွက် အလှူငွေကျပ်(၁၀)သိန်းစီ ပေါင်းငွေကျပ်သိန်း(၂၀)ကို ဝေဠုဝန်ကျောင်းတိုက် ဆရာတော်ဘုရားကြီးထံ လှူဒါန်းခဲ့ပြီးလှူ ဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။