Home / အုပ်ချုပ်ရေး / ပဲခူးခရိုင် / မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

စက်တင်ဘာ ၅

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ပဲခူးမြို့၊ အ.ထ.က(၃)ကျောင်းရှိ YMBAခန်းမ၌ ကျောင်းသား/ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးတာဝန်ခံ ဆရာမကြီးဒေါ်မြင့်မြင့်သန်းက ပညာပေး ဟောပြောပွဲပြုလုပ်ပေးရခြင်း အကြောင်း ပြောကြားပြီးနောက် လူကုန်ကူးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ်(၃)တပ်ဖွဲ့စုမှူး(ပဲခူး)၊ ရဲမှူးအောင်စိုးက လူမှောင်ခိုကူးမှုဆိုင်ရာများကို လည်းကောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(၃၆)မှ ရဲအုပ်ထွန်းအောင်သိန်းက “အဖြူရောင်ရေခဲလွင်ပြင်နှင့် အညိုရောင်ချောကလက်အိပ်မက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဗိမာန်ဆုရှင် စာရေးဆရာမ ဒေါ်ဝတ်ရည်ခင်(ပဲခူး)က “ကျန်းမာပျော်ရွင်ဒို့ဘဝအသွင်အစဉ် ဖွံ့ဖြိုးကြိုးပမ်းစို့” ခေါင်းစဉ်ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် ဟောပြောပေးခဲ့ကြသူများကို ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပညာရေးမှူးတာဝန်ခံဆရာမကြီး ဒေါ်မြင့်မြင့်သန်းတို့က  ဂုဏ်ပြုလက်မှတ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။